Pages

Pages

ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးသို့ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း





MNP ၊ မေ  ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အနီးကပ် စီမံဆောင်ရွက်နိုင်ရေးအတွက်  ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနသို့ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ လှူဒါန်းခြင်းတွင် Ottarathiri Volunteer Group (OVG)မှ အလှူရှင်များက ရှာဖွေ ကယ်ဆယ်ရေးသုံးကြိုး 12mm ၃၀၀ ပေ တစ်ချောင်းနှင့် ၁၅နာရီကြာ အသုံးပြုနိုင်သည့် LED ဓာတ်မီး ၅ လက် တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ မီးသတ်ဦးစီးဌာနမှူး ဦးစိုးသက်နောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။


ကျော်စွာဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment