ရသေ့တောင် မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ မေ  ၉

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံ တွေ့လာပါက အရေးပေါ်ကူညီမှုများတုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ဌာဆိုင်ရာများ နှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အရေးပေါ်တုန့်ပြန်နိုင်ရေးညှိနှိုင်းအစည်း အဝေးကိုယနေ့ နေ့လည်(၂)နာရီကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။


 ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်က ယခုအချိန်မုန်သုန်မုန်တိုင်းဖြစ်ပေါ် လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ဘေးအန္တရာယ်လျော့ပါးစေရေးလုပ်ငန်းများ၊ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့်အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအတွက် မြို့နယ်အ တွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများ မှမြစ်ချောင်းနှင့် ပင်လယ်ကမ်းနားတလျှေက်နေထိုင်ကြသည့် ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို မုန်တိုင်းဘေးကြိုတင်အသိပေးထားရှိရန်၊ရေလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ် ဆယ်ရေးယာဉ်များ၊ လူဦးရေနှင့် တိရိစ္ဆာန်များကိုစာရင်းကောက်ထားရှိရန်၊ ရေကြောင်းသတိပေးချက်များကို မြို့ နယ်တွင် ဖွင့်လှစ်ထားသည့် command postအဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊အရေးပေါ်ဆေးကုခန်းများဖွင့်လှစ် ဆောင်ရွက်ပြီးစားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိ ရန်အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပရဟိတအသင်း အဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ကြရန်၊ မြို့နယ်သဘာဝဘေးကော် မတီများနှင့်ချိတ်ဆက် ၍ သဘာဝဘေးဖြစ်ပွားမှုအခြေအနေများကိုအချိန်နှင့်တပြေးညီတင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြေကြားသည်။


    ထို့နောက်မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေး ကြိုတင်ကာကွယ် ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအစီအမံများအားဆွေးနွေးပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်များတွင်ဆောင်ရွက်ထားရှိမှုအခြေ အနေအားတင်ပြဆွေးနွေးပြီး၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကရှာဖွယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသင့်အနေထားဖြင့်ကြိုတင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သရုပ်ပြခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)