ကျောက်ဖြူမြို့၌ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ ဆိုင်းဘုတ်စိုက်ထူ




MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်နိုင်ရန်အတွက် မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ  မြေစိုက်ပိုစတာ ဆိုင်းဘိုးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူပွိုင့်ကမ်းခြေနေရာ၊ ငလပွေ့ဆိပ်ကမ်းနေရာနှင့် နာရီစင်အနီး လမ်းဆုံနေရာတို့တွင် စိုက်ထူခဲ့သည်။ 


အဆိုပါ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ  မြေစိုက်ပိုစတာဆိုင်းဘိုး တွင် အဝါရောင်- ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ်သည့် အချိန်၊ လိမ္မော်ရောင်- ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ် ပြီးနောက် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားလာမည့်အချိန်၊ အနီရောင်- မုန်တိုင်း မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဦးတည်ရေွ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်းသို့မဖြတ်ကျော်မီ (၁၂)နာရီ အလို အချိန်၊ အညိုရောင်- မြန်မာ့ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်သည့်အချိန်၊ အစိမ်းရောင်- မုန်တိုင်းအားပျော့၍ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားသည့်အချိန် စသည့် မုန်တိုင်းအရောင်စနစ်သတ်မှတ်ချက်များနှင့် ကျောက်ဖြူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုလုပ်ငန်းအဖွဲ့သို့ ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များပါရှိသည်။  


ထိုသို့ မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူရာသို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယခရိုင် ရဲမှူးကြီး နေထွန်းလင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)