Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံရပ်ကွက်တွင် နေအိမ်အတွင်း လက်လုပ်မိုင်းပြုလုပ်စဉ်ပေါက်ကွဲ၍ အကြမ်းဖက်သမား ၁ဦး သေဆုံး၊ ၁ဦး ဖမ်းဆီးရမိ


MNP ၊ မေ ၁၃

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့နယ် (၁၃)ရပ်ကွက် ကျောက်ဆည်လမ်း အမှတ် (၁၀၆) နေအိမ်တွင် နေထိုင်သော အကြမ်းဖက်သမား(၂)ဦးသည် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နေအိမ်တွင် လက်လုပ်မိုင်းအား စမ်းသပ်တပ်ဆင်နေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁ဦး သေဆုံးသွားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမား ဂျက်ရန်နိုင်(ခ)ရန်နိုင်တွင် ဝဲ/ယာ ပြတ်တောက်ဒဏ်ရာ၊ ယာခြေကျိုးပြတ်ဝောာက်ဒဏ်ရာ၊ ရင်ဘတ်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာပြင်စုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကျန်ရှိသည့် အကြမ်းဖက်သမားတစ်ဦးအား ၉မမ ကျည် ၃၃တောင့်၊ ၉၁လက်ပစ်ဗုံး ၁လုံးနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment