ဂွမြို့နယ်တွင် မုန်တိုင်းတိုက်ခတ်လာပါက လဲပြိုပဲ့ကျနိုင်သည့် ဗိုလ်ချုပ်လမ်းမကြီး ဘေးရှိ သစ်ပင်၊ သစ်ကိုင်းကြီးများအား ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မုန်တိုင်းတိုက်ခတ်လာပါက လဲပြိုပဲ့ကျနိုင်သည့် ဗိုလ်ချုပ်လမ်းမကြီး ဘေးရှိ သစ်ပင်၊ သစ်ကိုင်းကြီးများအား ခုတ်ထွင်ရှင်းလင်း





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မုန်တိုင်းတိုက်ခတ်လာပါက လဲပြိုပဲ့ကျနိုင်သည့် သစ်ပင်၊ သစ်ကိုင်းကြီးများကို မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့  ညနေပိုင်းတွင်  လိုက်လံခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။


မုန်တိုင်းတိုက်ခတ်လာပါက အိမ်၊ အဆောက်အဦ၊ လူတိရစ္ဆာန် ထိခိုက်မှုအန္တရာယ်နှင့် လမ်းပိတ်ဆို့မှုတို့ ဖြစ်ပွားနိုင်သည့် အတွက် မြို့ နယ်သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ၏ ဦးဆောင်မှုဖြင့် မြိုနယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များမှ  ပြိုလဲပဲ့ကျနိုင်သည့် သစ်ပင်ကြီးများအား ကြိုတင်ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ကိုင်းများခုတ်ထွင်ခြင်းတို့ကို လိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)