ရွှေတောင် မြို့နယ်တွင်၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်တွင်၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကျင်းပ








MNP ၊ မေ  ၉

ပဲခူး တိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့နံနက် ပိုင်းက ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။


            အခမ်းအနားတွင်၂၀၂၃ - ၂၀၂၄ပညာသင်နှစ် " ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့"  ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်၊ ရွှေတောင်မြို့မရဲစခန်းမှူးဒုရဲမှူးသိုက်စိုး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင် ဦးကျော်လွင်၊မြို့နယ်စည်ပင်သာယာ‌ေရးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော် နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


           ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များကအမွှေးနံ့သာရည်များ  ပက်ဖျန်းပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)