ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြု ကျောင်းတိုက်၏ မဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြု ကျောင်းတိုက်၏ မဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်


MNP ၊ မေ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြု ကျောင်းတိုက်၏ မဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ အဓိကအောင်ဗိမ္မာန်ဓမ္မာရုံ၌ ပြုလုပ်ရာ ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိမလ အမှူးပြုသော သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြုကျောင်းတိုက်၊ အဓိက အောင်ဗိမ္မာန်ဓမ္မာရုံအတွင်းရှိ မြတ်စွာဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြုကျောင်းတိုက် ဆရာတော် ရွတ်ပွားချီးမြှင့်တော်မူသော ရောင်ခြည်တော်ပွင့်ဂါထာတော်အား နာယူပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပဋ္ဌာန်း(၂၄)ပစ္စည်းကို သံပြိုင် ရွတ်ဖတ်တော်မူကြပြီး ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြုကျောင်းတိုက် ဆရာတော် ကစတင်၍ မဟာပဋ္ဌာန်းကျမ်းမြတ်အား ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ မဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာ ပြုကျောင်းတိုက်ရှိ သံဃာတော်များက မေ ၉ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)