‌ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

‌ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများတုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာ ကျောက်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း က မိုးဦးကာလတွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဘေးအန္တရာယ်လျော့ပါးစေရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မြစ်ချောင်းနှင့် ပင်လယ် ကမ်းနားတစ်လျောက်နေထိုင်ကြသည့် ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို မုန်တိုင်းဘေး ကြိုတင်အသိပေးထားရှိရန်၊ ရေလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ်ဆယ် ရေးယာဉ်များ၊ လူဦးရေနှင့် တိရိစ္ဆန်များကို စာရင်းကောက်ထားရှိရန်၊ ရေကြောင်းသတိပေးချက်များကို လူမှုကွန်ရက်များမှ အချိန်နှင့် တပြေးညီဖြန့်ဝေခြင်းများဆောင်ရွက်ရန်၊ အရေးပေါ်ဆေးကုခန်းများဖွင့်လှစ် ဆောင်ရွက်ပြီး စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိ ရန်အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ခရိုင်/မြို့နယ် သဘာဝဘေးကော်မတီများနှင့် ချိတ်ဆက်၍ သဘာဝဘေးဖြစ်ပွားမှုအခြေအနေများကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေး ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ  မိမိတို့ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေအား တင်ပြဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)