ထားဝယ်မြို့တွင်မုန်တိုင်းဘေးအန္တရာယ်များကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက်အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင်မုန်တိုင်းဘေးအန္တရာယ်များကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်





MNP ၊  မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်မုန်တိုင်းဘေးအန္တရာယ်များကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း က  သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် လူမှုရေးအဖွဲ့များ တို့ က လူစည်ကားနေရာများဖြစ်သော လမ်းဆုံလမ်းခွများ၊ စည်ပင်သာယာဈေးကြီးအရှေ့၊ အာဇာနည်လမ်း၊ ဥတ္တံတားကြီး မီးပိုင့်လမ်းဆုံများတို့တွင် သွားလာနေသောအများပြည်သူများ နှင့် ဒေသခံပြည်သူများ အားဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသောမုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးပြီး နောက်ဆက်တွဲဘေး အန္တရာယ်များ ဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေး၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် ၊ သိရှိလိုက်နာရန် အချက်များပါဝင်သည့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

အဆိုပါပူးပေါင်းအဖွဲ့သည် လူစည်ကားရာနေရာများတွင် မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက် ရာတွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်မေလ (၅)ရက်နေ့မှ စ၍ အားအလွန်ကောင်း သော ဆိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး အဆိုပါမုန်တိုင်းသည်မေလ(၁၀) ရက်နေ့မှ(၅)ရက်ခန့်အတွင်း မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်မည့်အခြေအနေရှိပါသည်။ မုန်တိုင်းဝင်ရောက် ပါက လေတိုက်နှုန်း( ၁ )နာရီ(၁၅၀) ကီလိုမီတာ မှ(၁၈၀)ကီလိုမီတာအထိ ရောက်ရှိနိုင်မည်ဖြစ်ပြီး ဒီလှိုင်းများ မြင့်မားစွာ တက်ရောက်မည်ဖြစ်သဖြင့် မိမိတို့၏ စက်လှေများ၊ ငါးဖမ်းလှေများ၊ ကမ်းနီးကမ်းဝေးရေယာဉ်များအား ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြပါရန်နှင့် လုံခြုံရန်နေရာတွင် ရပ်နားထားရှိကြပါရန် အသိပေး နှိုးဆော်ခဲ့သည်။

ဆက်လက်၍လုပ်သားပြည်သူများအနေဖြင့်  မုန်တိုင်းအန္တရာယ်မကျရောက်မီ မိမိတို့၏ အရေးကြီးသော စာရွက်စာတမ်း များ၊ အဖိုးတန်ပစ္စည်းများကို ကြိုတင်သိမ်းဆည်းထားကြပါရန်၊ လိုအပ်သော သောက်သုံးရေနှင့် စားနပ်ရိက္ခာများပြင်ဆင် ထားရှိကြပါရန်၊အရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာပါက ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်ထားသော စုရပ်နေရာသို့ ကြိုတင်ရွှေ့ပြောင်းသွားရောက်နေထိုင်ကြပါရန်နှင့် မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေညာမှသာ မိမိတို့နေအိမ်သို့ ပြန်လည်ထွက်ခွာကြပါရန်၊ မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပြီး မိဘပြည်သူ များ က လေးစားလိုက်နာဆောင်ရွက်ပေးကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် ထူးခြားသည့် အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများရှိပါက နီးစပ်ရာဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ချက်ချင်းသတင်းပို့ ဆက်သွယ် ပေးကြပါရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနိူးဆော်ခဲ့ကြောင်းသတင်းရရှိသည်။


ငွေဇင်ယော်(ထားဝယ်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)