MNP ၊ မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆက်မြို့နယ်အတွင်း မေ ၈ ရက်ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ဌာနဆိုင်ရာ အဆောက်အဦများနှင့် နေအိမ်အချို့ ပျက်စီးခြင်း၊ လမ်းမီးတိုင်များ လဲကျခြင်းနှင့် သစ်ပင်သစ်ကိုင်းများ လမ်းများပေါ်သို့ ကျိုးကျမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် နေအိမ်များအား ပြန်လည်ပြုပြင်ပေးခြင်း၊ လမ်းမီးတိုင်များ ပြန်လည်စိုက်ထူပေးခြင်း၊ ကျိုးကျခဲ့သည့် သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်း ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment