မာန်အောင်မြို့နယ်၌သက်ကြီးရွယ်အိုဘိုးဘွားများနှင့်နာမကျန်းဘိုးဘွားများအားမုန်တိုင်းခိုလုံရာနေရာသို့ပြောင်ရွှေ့ပေးနိုင်ရေးအသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌သက်ကြီးရွယ်အိုဘိုးဘွားများနှင့်နာမကျန်းဘိုးဘွားများအားမုန်တိုင်းခိုလုံရာနေရာသို့ပြောင်ရွှေ့ပေးနိုင်ရေးအသိပေးနှိုးဆော်




MNP ၊ မေ  ၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌  သက်ကြီးရွယ်အိုဘိုးဘွားများနှင့် နာမကျန်းဖြစ်နေသည် ဘိုးဘွားအားမုန်တိုင်း ခိုလုံရာနေရာ သို့ကြိုတင်ပြောင်းရွှေ့နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ညနေ၄နာရီက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။


     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်သည့်အတွက်ရပ်ကွက်/ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် နာမကျန်းဖြစ်နေသည့်ဘိုးဘွားများ အနေဖြင့် မိမိတို့နှင့် နီးစပ်ရာ ဆိုင်ကလုန်းချာတာ၊ဇရပ်၊ဘုန်းကြီးကျောင်းစာသင်ကျောင်းများသို့ ကြိုတင်ပြောင်းရွှေ့ပေးနိုင်ပါရန်နှင့် နေအိမ်များ၌ရိက္ခာခြောက်များ၊ငါးဂါလံဆံ့ ပလပ်စတစ်ပုံးများအား ရေသန့် ဖြည့်ဆည်း စုဆောင်းထားကြရန်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။


မာန်အောင်မြို့နယ်တွင်  မုန်တိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး  ပြည်သူများသို့ အသိပေးခြင်းများကိုစဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)