ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့်တိုက်ခိုက်မှုနောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်း ရုရှားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့်တိုက်ခိုက်မှုနောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်း ရုရှားပြောကြား


မော်စကို ၊ မေ ၅ 

ရုရှားနိုင်ငံ ကရင်မလင်နန်းတော်ကို မကြာသေးမီက ဒရုန်းတိုက်ခိုက်မှုနောက်ကွယ်တွင် အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ရှိနေသည်ကို ဖော်ပြထားသော အထောက်အထားများရှိကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အဲဒီအချက်အလက်တွေရှိပါတယ်။ အဲဒီအချက်အလက်တွေကို ကျွန်တော်တို့ရဲ့ အထူးအဖွဲ့ကနေ ရရှိထားတာပါ’’ ဟု ကရင်မလင်နန်းတော်ကို မေ ၃ ရက် ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု အပေါ် Peskov က ပြောကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်မှုတွင် အမေရိကန်၏ပါဝင်မှုအား ရုရှားက သိရှိထားသည်ကို အမေရိကန်အနေဖြင့် နားလည်ရမည်ဖြစ်ကြောင်း Peskov မှတ်ချက်ပြုခဲ့သည်။ “ပဋိပက္ခမှာ အခုလိုမျိုး တိုက်ရိုက်ပါဝင်မှုက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကို အမေရိကန်အနေနဲ့ နားလည်ဖို့လိုပါတယ်’’ ဟု Peskov က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်၏ ကရင်မလင်နန်းတော်ရှိ အိမ်တော်ကို ဒရုန်းနှစ်စင်းအသုံးပြု၍ တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံက ကြိုးပမ်းခဲ့ကြောင်း ရုရှားသမ္မတရုံးက မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

စစ်တပ်နှင့် အထူးတပ်ဖွဲ့များက ဒရုန်းများ၏ လုပ်ဆောင်ချက်ကို တားဆီးနိုင်ရန် စစ်ပွဲသုံးရေဒါစနစ်ကို အသုံးပြုခဲ့သည်ဟု ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

ထိုအချိန်မှာပင် ရုရှား၏ပြောဆိုချက်များသည် မှားယွင်းကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် အမေရိကန် အနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ဒေသခံမီဒီယာများကို ၎င်းကပြောကြားခဲ့ပါသည်။ 


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)