အမ်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံ တွေ့လာပါက ကူညီကယ်ဆယ်ရေးပ စ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံ တွေ့လာပါက ကူညီကယ်ဆယ်ရေးပ စ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအ နေများ ကွင်းဆင်းစစ်ဆေးခြင်းကိုယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။


      အဆိုပါကွင်းဆင်းဆောင်ရွက်ံမှုတွင်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်များအတွင်း မုန်တိုင်းကျရောက်လာပါက အချိန်နှင့် တပြေးညီ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အ တွက်ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းများ၊Speed Boat ၊ အသက်ကယ်အင်္ကျီ ၊အ သက်ကယ်ဘော ကွင်း၊အသက် ကယ်ကြိုး နှင့်ချိန်းဆော၊ဓား၊ရေဗူးများနှင့်အခြားအသုံးအဆောင်ပစ္စည်းထားရှိမှုတို့ကို ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။


      မုန်တိုင်းဒဏ်ကြောင့် အမ်းမြို့နယ်အတွင်းရှိလူအဆောက်အဦးများပျက်စီး မှုလျော့နည်းစေရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မ တီများ ကြိုင်တင်ဖွဲ့စည်းထားခြင်း၊ မုန် တိုင်းအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေထားခြင်းနှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆော်ဩခြင်းတို့အ ပြင် မုန်တိုင်းကျရောက်လာပါကမီးသတ် ဦးစီးဌာန ၊ရပ်ကွက်များနှင့် လူမှုရေးအအသင်းအဖွဲ့များအနေဖြင့် ရှာဖွယ်ကယ် ဆယ်ရေးလုပ်ငန်းများ အသင့်ထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဒုတိ ယဗိုလ်မှူးကြီး မောင်မောင်ခိုင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာန အနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)