ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွယ်ကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွယ်ကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိ





MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင် မြို့၌သဘာဘေးအန္တရာယ်များဖြစ်ပွားလာပါက  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန်အသင်းစုဖွဲ့ဆောင်ရွက်ခြင်းနှင့်  ရှာဖွယ် ကယ်ဆယ်ရေးလျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက်ရှာဖွယ်ကယ်ဆယ်ရေးသုံး ပစ္စည်းများ ကို ယနေ့ နံနက် ၉ နာရီအချိန်က ကြိုတင်ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။


မိုးကြိုကာလ ရောက်ရှိလာမည်ဖြစ်၍ရသေ့တောင်မြို့နယ်အတွင်း သဘာဝဘေးကြောင့် လူတိရစ္ဆာန် နှင့်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ၊ ရှိလာနိုင်ခြင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာ ကွယ် နိုင်ရန်နှင့်ပြည်သူများထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြည်သူများကို ကြိုတင် ပြင်ဆင်နိုင်ရန်၊  သဘာဝဘေးအန္တရာယ်များ၊မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ် များ နှင့် မြို့နယ်အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို မိဘပြည်သူ များထံသို့ အချိန်မီအသိပေးပြန်ကြားပြီး ဘေးအန္တရာယ်များဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန် နိုင်ရေးနှင့် အခြား သော ဘေးအန္တရာယ် ကျရောက်သည့် အခါ အရေးပေါ်ရှာဖွယ်ကယ်

ဆယ်ရေးလုပ်ငန်း များ ဆောင် ရွက်နိုင် ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးပစ္စည်းများ၊လေထိုးဘုတ်များ ၊ Speed Boat ၊ စက်သုံး ဆီ၊ အသက်ကယ်အင်္ကျီနှင့် ရှာဖွယ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ ဆောင်ရွက် ထားရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)