Pages

Pages

ရမ်းဗြဲမြို့တွင် မုန်းတိုင်းဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ်တွင် မုန်တိုင်း  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသိပေးနှိုးဆော်ခြင်းကိုယနေ့ ညနေ (၄)  နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  မုန်တိုင်းအန္တရာယ်အသိပညာပေး  နှိုးဆော်ချက်များကို အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။             

    

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) သည် မြန်မာကမ်းရိုးတန်းသို့     ဦးတည်တိုက်ခတ်နေပါသဖြင့်    မိုးလေဝသနှင့်ဇလဗေဒ  ညွန်ကြားမှုဦးစီးဌာနမှ မြန်မာ့ကမ်းရိုးတန်း    တစ်လျှောက်နှင့် ကမ်းလွန်ပင်လင်ပြင်တို့ရှိ  ကမ်းနီး/ကမ်းဝေး    ငါးဖမ်းရေယဉ်များအနေဖြင့်လည်း    ကြိုတင်သတိပြု  ရှောင်ရှားနိုင်ပါရန်  အသိပေးပြီး  ဖြစ်ပါသဖြင့်    အဆိုပါမုန်တိုင်းသည် ယနေ့မှစ၍နောက် (၄၈) နာရီအတွင်း စစ်တွေမြို့အနီးမှဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေတွင်မုန်တိုင်းသည်လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီမိုင်(၁၁၀) အထိ ရောက်ရှိနိုင်ပြီးလှိုင်းအမြင့်မှာလည်း (၁၃)ပေမှ(၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်ပါသဖြင့် ငါးဖမ်းရေယဉ်/လှေ များအထူးအန္တရယ်ရှိသည့်အတွက် ပင်လယ်ပြင်သို့ လုံးဝ(လုံးဝ) မထွက်ကြရန် ညွန်ကြားပါသည်။ညွန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရပ်ကွက်/ကျေးရွာများအတွင်းရှိ  ကလေးသူငယ်များ၊သက်ကြီးရွယ်အိုဘိုးဘွားများ  ၊ နာမကျန်းသူများ  အနေဖြင့်  မိမိတို့နီးစပ်  ရာဆိုင်ကလုန်း ( Shelter )များ၊ ဘုန်းကြီးကျောင်းများသို့ ကြိုတင်ပြောင်းရွှေနေထိုင်ကြပါရန်နှင့်အိမ်တိုင်း၌(၅)ဂါလန်ဆန့်ပလတ်စတစ်ပုံးများအားရေသန့်အပြည့်ထည့်၍ မဖြစ်မနေစုဆောင်းထားရှိခြင်း၊ မိသားစုများနှင့်ဆက်သွယ်မူမပြတ်တောက်စေရန် လက်ကိုင်ဖုန်းများ ပါဝါဘန့်များ အသင့်ဆောင်ထားခြင်း ဓါတ်မီး၊ ဆေးဝါးနှင့် ရိက္ခာခြောက်များ ကြိုတင် စုဆောင်းထားရှိခြင်းများ ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း   သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment