ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်





MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မေ ၇ ရက် ညနေပိုင်းက ကယ်ဆယ်ရေးစခန်းနေ အီလီယာ(၂၇)နှစ် နှင့် ဇနီးဖြစ်သူ မအာရှု(၂၄)နှစ် တို့ ထမင်းချက်နေစဉ်  စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူ အီလီယာမှ အနီးရှိ သစ်သားထုတ်ဖြင့် ပစ်ပေါက်ရာ နေအိမ်နောက်ဖေးမီးဖိုတွင် ထိမှန်၍ မီးစများ လွင့်စင်ပြီး အနီးရှိ ဝါးထရံနှင့် ဟွန်ဒါစက်လှေတွင် အသုံးပြုရန်ထားရှိသော ဓာတ်ဆီးဗူးအား မီးကူးစက်ပြီး မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။


အဆိုပါ မီးလောင်မှုကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ယနေ့ နံနက်ပိုင်းက မီးဘေးသင့် အိမ်ထောင်စု ၅၃၀ အတွက် ဆန် ၂၆၅ အိတ်၊ ဆီ ၂၆၅ ပိသာ၊ဆား ၂၆၅ ပိသာ၊ပဲ၂၆၅ ပိသာ၊ရေသန့်ဘူး ၃၇၁၀ ဘူး နှင့် ရွက်ဖျင်တဲ ၁၀ လုံး တို့ကို ကူညီထောက်ပံ့ပေးသည်။ ထို့ပြင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် အိမ်ထောင်စု ၅၃၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်းအေး နှင့် တာဝန်ရှိသူများက ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းရှိ စခန်းတာဝန်ရှိသူများထံ ပေးအပ်ကြောင်းသိရသည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်  အိမ်ထောင်စု (၅၃၀) ၊ ကျား(၁၆၂၈)ဦး၊ မ (၂၀၈၂) ဦး စုစုပေါင်း(၃၇၁၀)ဦး တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့်  မြို့နယ်ပြန်လည်ထူထောင်ရေးကော်မတီမှ မီးဘေးဒုက္ခသည်များအား နီးစပ်ရာ ဆွေမျိုးများနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းတို့တွင် ယာယီနေရာချထား ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)