ရသေ့တောင် မြို့၌မုန်တိုင်းအန္တရာယ်ကျရောက်လာပါကကူညီကယ်ဆယ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှုများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌မုန်တိုင်းအန္တရာယ်ကျရောက်လာပါကကူညီကယ်ဆယ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှုများကွင်းဆင်းဆောင်ရွက်





MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကိုမုန်တိုင်းမလာမီဘေးလွတ်ရာရွှေ့ပြောင်းနေရာချထားရေးအထူးအလေးထားဆောင်ရွက်ရန်၊မြို့နယ်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက  ပြည်သူများသို့အသိပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းကရသေ့တောင်မြို့နယ်၊ကူတောင်ကျေးရွာအုပ်စုရှိထိခိုက်လွယ်ကျေးရွာများဖြစ်ကြသည့်ဆားပြင်ကြီးကျေးရွာ၊ဆားပြင်ချေကျေးရွာ၊ပန်ဇင်းမော်ကျေးရွာ၊ဦးဂါကျေးရွာတို့နှင့်လောင်းချောင်းနယ်မြေ အငူမော်ကျေးရွာအုပ်စု၊ အငူမော်၊ အငူမော်ကုန်တန်း၊ မကျည်းချောင်းကျေးရွာများ၌အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


သဘဝဘေးအန္တရာယ်ကျရောက်လာပါကလူ၊ တိရိစ္ဆာန်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေးနှင့်ဘေးလွတ်ရာစုရပ်များကြိုတင်ပြင်ဆင်ထားရှိရေးနေရာများသတ်မှတ်ဆောင်ရွက်ခြင်း၊စားရေရိက္ခာများတင်ကြိုစီစဥ်ဆောင်ရွက်ရေးများကိုဆောင်ရွက်ခဲ့ကြ ပြီး သောက်သုံးရေမလုံလောက်သည့်ကျေးရွားများသို့သောက်သုံးရေများပေးဝေနိုင်ရေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


 နယ်လှည့်ကွင်းဆင်းဆောင်ရွက်ကြရာတွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များဖြစ်ကြသောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ကျေး/ဖွံ့ဦးစီးဌာန၊ငါးလုပ်ငန်းဦးစီး၊ကော်မရှင်၊လမ်းဦးစီးဌာနတို့နှင့်သက်ဆိုင်ရာကျေးရွာနယ်ခြားစောင့်ရဲစခန်းမှူး၊ ကျန်းမာရေးဆရာမ၊ရပ်/ကျေးအုပ်မှူး၊ရပ်မိ၊ဖများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှပူးပေါင်း၍ ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)