ရွှေတောင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ




MNP ၊ မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။


          ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ခန့်မှန်းချက်များ ကြိုတင်သတင်းများ၊မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များ နှင့် မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးဟောပြောဆွေးနွေးခဲ့သည်။


            ထို့နောက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို တက်ရောက် ‌မျိုးဆက်သစ်လူငယ် ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် များကို ပြသပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)