MNP ၊ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ခန့်မှန်းချက်များ ကြိုတင်သတင်းများ၊မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များ နှင့် မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို တက်ရောက် မျိုးဆက်သစ်လူငယ် ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် များကို ပြသပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment