Pages

Pages

ကျောက်မဲမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုအားရှင်းလင်း




MNP ၊ မေ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများဖြစ်သဖြင့် လမ်းပိတ်စို့မှုမရှိစေရေး တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲမြို့၊ မြို့တော်ခန်းမအနီးရှိ ကံ့ကော်လမ်းမပေါ်တွင် စိန်ပန်းပင်ကြီး တစ်ပင် လဲပြိုကျနေသည်ကို မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများက လမ်းပိတ်စို့မှုမရှိစေရေး စက်ယန္တရားကြီးဖြင့် အချိန်နှင့်တစ်ပြေးညီ သွားရောက်ခုတ်ထွင် ရှင်းလင်းဖယ်ရှားပေးခဲ့သည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment