ရသေ့တောင်မြို့၌ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုများသရုပ်ပြဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုများသရုပ်ပြဆောင်ရွက်






MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့၌သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လေ့ကျင့်သော မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့နံနက် ၇ နာရီအချိန်ကမြို့မစျေးဝင်းအတွင်းပြုလုပ်ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့  ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။


ဦးစွာမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သော မိုးလေဝသ သတင်းအခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ရန် နှင့်ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း အခြေအနေနှင့် ပတ်သက်သည့် အရောင်အဆင်း သတ်မှတ်ချက် ပြောင်းလဲမှုများနှင့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာပြီး မုန်တိုင်းသည် ပိုမိုအားကောင်းလာကာလိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည်ဟု သတင်းရရှိမှုကြောင့်မပေါ့ဆဘဲကြိုတင်ပြင်ဆင်ထားကြရန်မှာကြားပြီး ၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိဒေါ်မအေးသန်းက မြို့မစျေးဝင်းအတွင်းမှကုန်သည်များအနေဖြင့်ပျက်စီးလွယ်သည့်ကုန်များအားလုံခြုံသောနေရာများသို့ကြိုတင်ရွေ့ပြောင်းထားကြရန်၊ငါးဖမ်းဘုတ်၊လှေများအားမုန်တိုင်သတိပေးချက်များအတိုင်လိုက်နာဆောင်ရွက်ကြပြောကြားသည်။


ထို့နောက်  မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်ကမိမိတို့ဌာနဆိုင်ရာများသည်ပြည်သူများကိုဝန်ဆောင်မှုပေးနေကြသူများဖြစ်ကြောင်းသက်ကြီးရွယ်အိုများ၊ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကူညီရွှေ့ပြောင်းပေးခြင်း၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းစသည့်တိုကိုဆောင်ရွက်လျှက်ရှိကြောင်းပြောကြားပြီးမီးသတ်တပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများကမုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ကြသည်။ ယခုလိုဇာတ်တိုက်လေ့ကျင့်သကဲ့သို့ မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့်အရောင်အဆင့်အလိုက်ဆက်လက်လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ရပ်ကွက်နေပြည်သူများနှင့် ထိတွေ့ပြီး  ကူညီကယ်ရေးလုပ် ဆောင်နိုင်ရန်ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း၊မိဘပြည်သူများအနေနှင့်လည်း မိမိတို့ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကိုကူညီဆောင်ရွက်ပေးကြပါရန်မုန်တိုင်းစတင်ဖြစ်ပေါ်လာနိုင်သည့် အချိန်မှစတင်ပြီး  ၄ ရက်တာ ကာလအတွင်း အထူးဂရုပြုနေထိုင်ကြရန်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေး မုန်တိုင်အန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်  လုပ်ငန်းကော်မတီများ၊  စေတနာ့ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များဖြင့် အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းဟောပြောပြီးမီးသတ်တပ်ဖွဲ့ဝင်များကမုန်တိုင်းဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်း များအားသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)