ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးလောင်မှုဖြစ်ပွား




MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် ယမန်နေ့ ညနေပိုင်းက မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ကယ်ဆယ်ရေးစခန်းနေ အီလီယာ(၂၇)နှစ် နှင့် ဇနီးဖြစ်သူ မအာရှု(၂၄)နှစ် တို့ ထမင်းချက်နေစဉ်  စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူ အီလီယာမှ အနီးရှိ သစ်သားထုတ်ဖြင့် ပစ်ပေါက်ရာ နေအိမ်နောက်ဖေးမီးဖိုတွင် ထိမှန်၍ မီးစများ လွင့်စင်ပြီး အနီးရှိ ဝါးထရံနှင့် ဟွန်ဒါစက်လှေတွင် အသုံးပြုရန်ထားရှိသော ဓာတ်ဆီးဗူးအား မီးကူးစက်ပြီး အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေရှိ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုး (၈)ခန်းတွဲ (၃၅)ဆောင်နှင့် အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊အမြင့်(၁၅)ပေရှိ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုးလုံးချင်း နေအိမ်(၁၅၀)ဆောင်၊ အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊အမြင့်(၁၅)ပေရှိ သစ်သားတိုင်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း(၁)ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း  ၊ အဆိုပါ မီးလောင်ကျွမ်းနေရာသို့ ကယ်ဆယ်ရေးစခန်း မှလူများဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြသည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်  အိမ်ထောင်စု (၅၃၀) ၊ ကျား(၁၆၂၈)ဦး၊ မ (၂၀၈၂) ဦး စုစုပေါင်း(၃၇၁၀)ဦး တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင့်  မြို့နယ်ပြန်လည်ထူထောင်ရေးကော်မတီမှ မီးဘေးဒုက္ခသည်များအား နီးစပ်ရာ ဆွေမျိုးများနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းတို့တွင် ယာယီနေရာချထား ပေးလျက်ရှိကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)