မော်လမြိုင်မြို့ရှိ ကျက်သရေဆောင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့ရှိ ကျက်သရေဆောင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ ကျင်းပ


MNP ၊ မေ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ရင်ပြင်ရှိ ပဋ္ဌာန်းဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝိမလ အမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ ပိဋကတ် တိုက်ကျောင်း စာသင်တိုက်၏ ဦးစီးပဓာန နာယက၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ပရိယတ္တိပထမကျော်နှင့် ဓမ္မာစရိယ ငါးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)