MNP ၊ မေ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ နှင့် တပ်ဖွဲ့ဝင်များအား အသင့် ဆောင် ရွက်ထား ရှိကြောင်း သိရသည်။
ယခုလက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များ ၊ မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေး အန္တရာယ်များ နှင့် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုး လေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မှီ အသိ ပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက လျင် မြန်စွာ တုံ့ပြန်နိုင်ရေး နှင့် အခြားသော ဘေး အန္တရာယ်များ ကျရောက်သည့် အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်နိုင်ရေး အတွက် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်း များ၊ လေထိုးဘုတ်များ နှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက် ထား ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment