ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်းသရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်းသရုပ်ပြ







MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို အထူးအလေးထားဆောင်ရွက်ကာ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ပြည်သူများသို့ အသိပေးကွင်းဆင်းသရုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက ကျိန္တလီမြို့၊ အမှတ်(၂)ရက်ကွက် ကူးတို့ဆိပ်၌ပြုလုပ်ခဲ့ကြသည်။


ထိုသို့ သရုပ်ပြပွဲကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ်မည့် ပစ္စည်းကိရိယာများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ အဆိုပါသရုပ်ပြပွဲသို့ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်းနှင့် ဝန်ထမ်းများ၊ ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညိုနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကမ်းနားနေပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။


ထို့နောက် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကျိန္တလီမြို့တွင်းရှိ လူ၊ တိရိစ္ဆာန်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ စုရပ်များကြိုတင်ပြင်ဆင်ထားရှိခြင်း၊  မုန်တိုင်းအသိပေး ဆော်သြခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင်  မုန်တိုင်းကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်းနှင့် သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုကြသော ပြည်သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၂၀၀)ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)