သရက်မြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ



MNP ၊ မေ  ၉

မကွေးတိုင်းဒေဿကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက အနောက်ဈေး၊ မြို့မဈေးအတွင်းနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူမျာအား ဖြန့်ဝေပေးခဲ့သည်။


မုန်းတိုင်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက မုန်တိုင်းသတိပေးချက်ရရှိလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် လိုက်နာရမည့်အချက်များပါ လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)