MNP ၊ မေ ၈
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည် သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး နှင့် တစ်ဦးချင်းဝင်ငွေ တိုးပွား လာ ခြင်း ဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး စသည့် လုပ်ငန်း စဉ်များ အတွက် အထောက်အကူပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်၍ ဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ နောက် အမျိုးသမီး အိမ် တွင်းမှု လုပ်ငန်း ပညာ သင်တန်း ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှ သင်တန်း မှ ပို့ချမည့် ဘာသာရပ်များ နှင့် သင်တန်း ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူ များက ခင်းကျင်းပြသထားသည့် နမူနာ လက်ရာများ နှင့် သင်ထောက် ကူ ပစ္စည်း များ အား လှည့်လည် ကြည့်ရှု အားပေးကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက် နေဒေသခံ တိုင်းရင်းသူများဖြစ်ပြီး မောင်တောမြို့မှ ၁၉ ဦး ၊ ဘူးသီးတောင်မြို့မှ ၇ ဦး ၊ရသေ့တောင်မြို့မှ ၄ ဦး စုစုပေါင်း အဆင့်မြင့် သင်တန်းသူ (၃၀)ဦး တက်ရောက် သင်ယူ မည်ဖြစ်ရာ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ် ၊မေ ၈ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ထိ ၁၈ ပတ်ကြာမြင့်မည် ဖြစ်သည်။
အခမ်းအနားသို့ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ် အဆင့် ဌာန ဆိုင် ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမ များနှင့် သင်တန်း သူများ နှင့် တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment