ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ


MNP ၊ မေ  ၁၁

ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာ ဘာသာစကားကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြဖြစ်သူ ဆရာရှိုင်းက ကျောင်းသား/သူများအား သင်တန်းဆင်းလမ်းညွှန်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများက အင်္ဂလိပ်စာအပြောစွမ်းရည်များ ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းကို ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့မှစတင်ကာ မေလ ၁၀ ရက်နေ့အထိ ရက်သတ္တပတ်  ၇ ပတ်ကြာ  အခမဲ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး     Basic English four skills Course၊ Basics Grammar ၊ Level 1 and 2 Spoken Course နှင့် Cambridge Flyer Course တို့ကို  အပတ်စဉ် တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ  ၁နာရီမှ ၂ နာရီခွဲအတွင်း  သင်တန်းသို့ Grade 6 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး  ပါဝင်သင်ကြားခဲ့ကြောင်း သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)