Pages

Pages

တာမွေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများအား အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်း






MNP ၊ မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျ ခြင်းများ၊ ဆက်သွယ်ရေးလိုင်းကြိုးများနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ပြည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပြည်သူများ ခရီးသွားလာရာတွင် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့ပြအင်္ဂါရပ်နှင့်ပြည့်စုံညီညွတ်မှု ရှိစေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံမှုရှိစေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင် ရာတာဝန်ရှိသူများ ပူးပေါင်း၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ် သတင်းပို့ပြီး အကူအညီတောင်းခံနိုင်ကြောင်းလည်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

#MyanmarNationalPost

No comments:

Post a Comment