Pages

Pages

တရုတ်နိုင်ငံ မီးရထားလမ်းရင်းနှီးမြှုပ်နှံမှုမှာ ပထမ ၄ လတွင် ၆.၃ ရာခိုင်နှုန်း တိုးမြင့်လာ


MNP ၊ မေ ၁၀

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ ၄ လအတွင်း မရွှေ့မပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ယမန်နှစ်ကထက် ၆.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း China State Railway Group ကုမ္ပဏီလီမိတက်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ် ပထမ ၄ လတွင် နိုင်ငံ၏ ရထားလမ်းများတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၆၇.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄.၂ ဘီလီယံခန့်) ရှိကြောင်း၊ တရုတ်နိုင်ငံအတွင်းခေတ်မီမီးရထား အခြေခံအဆောက်အဦ တည်ဆောက်မှုကို ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါကုမ္ပဏီက ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) တွင် စတင်ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှု ၁၀၂ ခုတွင် မီးရထားလမ်းနှင့်ဆက်စပ်သော လုပ်ငန်းများကိုသာ အဓိက ထားဆောင်ရွက်ခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အထူးသဖြင့် ထျန်းကျင်းနှင့် ပေကျင်းမြို့ရှိ တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ် ကြား မီးရထားလိုင်း အတွက် လမ်းကြောင်းများချထားခြင်း ပြီးစီးပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစောပိုင်းအချက်အလက်များအရ ကုမ္ပဏီ၏ ဝင်ငွေသည် ပထမသုံးလပတ်အတွင်း ၂၇၁.၉ ဘီလီယံယွမ်ရှိပြီး ယမန်နှစ်ကထက် ၁၈.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment