ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP ၊ မေ  ၁၀

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ကြုံ တွေ့လာပါက အရေးပေါ်ကူညီမှုများ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


 ရှေ့ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက မိုးဦးကာလတွင် ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဘေးအန္တရာယ်လျော့ပါးစေရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြစ်ချောင်းနှင့် ပင်လယ် ကမ်းနားတစ်လျှောက်နေထိုင်ကြသည့် ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို မုန်တိုင်းဘေး ကြိုတင်အသိပေးထားရှိရန်၊ လူဦးရေနှင့် တိရိစ္ဆန်များကို စာရင်းကောက်ထားရှိရန်၊ဘေးလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးယာဉ်များ၊ ရေကြောင်းသတိပေးချက်များကို မြို့နယ်တွင် ဖွင့်လှစ်ထားသည့် command post အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ဆေးကုသခန်းများဖွင့်လှစ် ဆောင်ရွက်ပြီး စားနပ်ရိက္ခာ၊ ရေနှင့် အ ရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိရေး၊ သဘာဝဘေးဖြစ်ပွားမှုအခြေအနေများကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တို့ကိုဆွေးနွေးပြောကြားသည်။


     ထို့နောက် မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေး ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအစီအမံများအား ဆွေးနွေး​ကြရာ တင် ပြချက်များအပေါ်  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)