ဂျေးဆပ်စ်နှင့် ဇင်ချန်ကို တို့ကို ရောင်းချလိုက်တာ နောင်တမရကြောင်း ဂွာဒီယိုလာပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျေးဆပ်စ်နှင့် ဇင်ချန်ကို တို့ကို ရောင်းချလိုက်တာ နောင်တမရကြောင်း ဂွာဒီယိုလာပြောကြား



MNP - မေ  ၉


မန်ချက်စတာစီးတီးအသင်းနည်းပြ ပပ် ဂွာဒီယိုလာက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကို ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆပ်စ်နှင့် ဘယ်နောက်ခံကစားသမား အဲလန္ဒြာ ဇင်ချန်ကို တို့ကို ရောင်းချခဲ့တာနဲ့ပတ်သက်ပြီး နောင်တလုံးဝမရကြောင်း ပြောကြားခဲ့သည်။


မန်စီးတီးနည်းပြ ပပ် ဂွာဒီယိုလာက“ဇင်ချန်ကိုနဲ့ ဂျေးဆပ်စ်ကို အာဆင်နယ်ကို ရောင်းလိုက်တာလား။ ကလပ်အသင်းက သူတို့ယုံကြည်တဲ့အတွက် ဆုံးဖြတ်ချက်တွေ ချခဲ့တာပါ၊ လူတိုင်းက သဘောတူတယ်၊ ကစားသမားတွေကိုယ်တိုင်ကလည်း ထွက်ခွာချင်ကြတယ်၊ ကလပ်အသင်းကလည်း ရောင်းထုတ်ချင်တယ်၊ တစ်ဖက်အသင်းကလည်း ဝယ်ချင်တယ်” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပပ် ဂွာဒီယိုလာက“သူတို့ပျော်ပြီး ငါတို့လည်းပျော်တယ်။ နောင်တရစရာမရှိပါဘူး” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)