ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးလှုံ့ဆော်မှု ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးလှုံ့ဆော်မှု ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ






MNP ၊ မေ ၉

ပဲခူတိုင်းဒေသကြီး ပြည်ခရိုင် ‌၊ ပေါက်ခေါင်းမြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးလှုံ့‌ဆော်မှုဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်  ၇ နာရီက အထက(ပေါက်ခေါင်း)ရှေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဖြိုးသူ‌မောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်နှင့်ဆရာ၊ဆရာမများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊မြို့နယ်ပညာရေးမှူးနှင့်စည်ပင်အမှု‌ ဆောင်အရာရှိတို့က အောင်သပြေခက်အမွှေးနံ့သာတို့ဖြင့် ကျောင်းအပ်နှံရေးလှုံ့ဆော်မှုဆိုင်းဘုတ်အားပက်ဖြန်း ဖွင့်လှစ်ပေးခဲ့သည်။

" ကျောင်းနေအရွယ်ကလေးအားလုံး  ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ " ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့်ပညာသင်ကြားနိုင်ရေးအတွက် မိဘများ၊ဆရာ၊ဆရာမများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေးလှုံ့ဆော်မှုဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ပြီး၊ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်မှ(၃၀)ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။


သန်းထွန်းအောင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)