အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်




MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် ရေးအသိပေးနှိုးဆော်ခြင်းကိုယနေ့ နေ့လည်အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်အသိ ပေးနှိုးဆော်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးဆောင်မှုဖြင့်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပူးပေါင်းကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက်များ ဖြစ်သည့်ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်

ဘက်သို့ရွေလျားခဲ့ပြီးမြန်မာနိုင်ငံ၊ကို ကိုးကျွန်းမြို့၏တောင်-အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၃၀)မိုင်ခန့် ၊ စစ်တွေမြို့ ၏တောင်-အနောက်တောင်ရေမိုင်(၇၁၀) မိုင်ခန့်၊အိန္ဒိနိုင်ငံ၊နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၁)မိုင်ခန့်၊ ပို့ပပဲယား၏ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့၏တောင်-အနောက်ဘောင်ရေမိုင် (၇၇၀) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။


အဆိုပါ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ  ဘင်္ဂလားဒေ့ရှ် -မြန်မာကမ်းရိုးတန်းသို့ဦးတည်ရွေ့ လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။


အဆိုပါမုန်တိုင်းငယ်(Depression)သည်မြောက်-အနောက်မြောက်ဘက်သို့ ရွေ့ လျားပြီး၊ပိုမိုအားကောင်းလာကာနောက် (၉)နာရီအတွင်းဘင်္ဂလားပင်လယ်အောက်အရှေ့တောင်ပိုင်း၌အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ လည်းကောင်း၊ ယနေ့ညပိုင်းတွင်ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ (၁၁. ၅.၂၀၂၃)ရက်နေ့၊နံနက်ပိုင်းတွင်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း(၁၂.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)အဖြစ်သို့လည်း ကောင်းရောက်ရှိနိုင်ပါသည်။ ထို့နောက် (၁၄.၅.၂၀၂၃)ရက်နေ့တွင် မြောက်- အရှေ့မြောက်က်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့်မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်၊


 ယနေ့ နံနက်မှ (၁၁.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ တစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည်တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိတိုက်ခတ်နိုင်ပြီး(၁၂.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးရာမှလှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေပြင်သည် တစ်နာရီလျှင် မိုင် (၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။


အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်မြစ် ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီ၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်. ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကိုစောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကိုဆောင် ရွက်သွားနိုင်ပါရန် အကြံပြုအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)