ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူ







MNP ၊ မေ  ၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူရေးကိုယနေ့နံနက် ( ၉ ) နာရီက ( အထက )ပေါင် ကျောင်းရှေ့၌ စိုက်ထူခဲ့ကြောင်းသိရသည်။


ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးသံမရောင်၊ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင် တို့က အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းကာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြပြီး ဘင်ခရာအဖွဲ့များက ဂုဏ်ပြု ကပြဖျော်ဖြေခဲ့ကြသည်။


အခမ်းအနားသို့ ဌာနဆိုင်ရာများ၊မြို့နယ်အတွင်းရှိ ဆရာကြီး၊ဆရာမကြီးများ၊ကျောင်းအကျိုးတော်ဆောင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။


အလားတူပင် ဇင်းကျိုက်မြို့ရှိ ( အထက )ဇင်းကျိုက် ကျောင်းတွင်လည်းမြို့အုပ်ချုပ်ရေးမှူးဦးတိုးဝေအောင် နှင့် ( အထက )ကျောင်းအုပ်ကြီးဒေါ်ဌေးဌေးမြင့်  တို့ကလည်း အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းကာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်းသိရသည်။


အဆိုပါ ကျောင်းအပ်‌နှံရေးနေ့သည် မေလ ( ၂၃ ) ရက်နေ့မှ မေလ ( ၃၁ )ရက်နေ့အထိ ပိတ်ရက်မရှိ ကျောင်းအပ်နှံသွားမည် ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)