ဂွမြို့နယ်အတွင်းမုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်အတွင်းမုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်





MNP ၊ မေ  ၉

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ကမ်းခြေဦးနှင့် ရဟိုင်ကူးတို့ ကျေးရွာတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ထိုသို့ မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပြည်သူလူထုများအား မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်မှု နှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိရေး ဆိုင်ရာများကိုအသိပညာပေးရှင်းလင်း ပြောကြား သည်။ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည့် လေဖိအားနည်း ရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်းအဖြစ် ရောက်ရှိ နိုင်သည့် အခြေအနေများနှင့် ကြိုတင်ပြင်ဆင် စုဆောင်းထားရှိရမည့်အချက်များ၊ မုန်တိုင်း ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက်  ပြည်သူများအားအသိပေးနှိုးဆော်မှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်စေကာ အနီရောင်အဆင့် ပြောင်းလဲရောက်ရှိလာပြီဖြစ်သဖြင့် ဘေးလွတ်ရာကယ်ဆယ်ရေးစခန်း စုရပ်များသို့ ပြောင်းရွေ့ပေးနေမှုများအားလည်းကောင်း၊ ဘေးအန္တရာယ်များကြုံတွေ့ပါက ရှာဖွေကယ်ဆယ်ရေး အစီအမံများကို လည်းကောင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။  


ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် တပ်ဖွဲ့ ဝင်များ ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ မုန်တိုင်း မကျရောက်မီ စာနပ်ရိက္ခာများ၊ အရေးကြီး စာရွက်စာတမ်းများ ၊ အိုးအိမ် နှင့် ငါးဖမ်း ပိုက်လှေများ ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် မုန်တိုင်းအပြီး မြေပြင်၊ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


အဆိုပါ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရသည်။

                                                                                                                   

ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)