သံတွဲမြို့၌သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များရွက်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များရွက်ဖတ်ပူဇော်ပွဲကျင်းပ



MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅နာရီက ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နမောတဿ(၃)ကြိမ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက အဖွဲ့ဝင် တရော်တောတိုက်ကျောင်ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ မြို့သူမြို့သား၊ ပြည်သူ ပြည်သား၊ နိုင်ငံသူနိုင်ငံသားများ အားလုံး သဘာဝဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ပင့်ဖိတ်၍ကြွရောက်တော်မူကြသည့်  မြို့နယ်သံဃနာယက အဖွဲ့ဝင် တရော်တောတိုက်ကျောင်ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာစာရ အမှူးပြု၍ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ ဆရာတော်ဘဒ္ဒန္တရေဝတ ဦးဆောင်သည့် ရဟန်းသံဃာ ၂၁ ပါးတို့က သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွက်ဖတ် ပူဇော် ပေးတော်မူကြသည်။ ပြီးနောက် ဆရာတော်သံဃာတော်မြတ်တို့အား လှူဘွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အား မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ ဆရာတော် က ရေစက်သွန်းချအမျှပေးဝေတော်မူခဲ့သည်။၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။


အခမ်းအနားပြီးတွင် ပရိတ်ရေများတင်ဆောင်ထားသည့် မီးသတ်မော်တော်ယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ကင်းစင်ရေးအတွက် မြို့အနှံ့ပရိတ်ရေများ ပက်ဖြန်ပေးခဲ့ကြကြောင်း သိရသည်။


ထို့အပြင် ယနေ့နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ရှိ သမိုင်းဝင်ဗျာဒိတ်တော်ရ ရွှေဆံတော် ၊ ရွှေနံတော်၊ ရွှေအံတော်စေတီတော်မြတ်များတည်ရှိရာ တောင်တော်များမှ ဆရာတော်သံဃာတော်များက မြို့သူမြို့သား၊ ပြည်သူ ပြည်သား၊ နိုင်ငံသူနိုင်ငံသားများ အားလုံး သဘာဝဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မေတ္တာသုတ်ပရိတ်တရာတော်များကို ၂ ရက်တိုင်တိုင် ရွက်ဖတ်ပူဇော်ပေးလျက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)