မာန်အောင်မြို့နယ်သိမ္ဘလကျေးရွာ ဆိုင်ကလုန်းချာတာ၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်သိမ္ဘလကျေးရွာ ဆိုင်ကလုန်းချာတာ၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်





MNP ၊ မေ  ၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဘလကျေးရွာတွင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ၄နာရီတွင် သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဘလကျေးရွာ ဆိုင်ကလုန်းချာတာ ၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုဆောင်ရွက်ခဲ့ကြသည်။


      ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးအောင်သန်းဝင်း၊မြိုနယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သန်းတို့က ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ရန်အချက်များ၊မုန်တိုင်း သတိပေးချက်ရလျင် ဆောင်ရွက်ရမည့်အချက်များ၊မုန်တိုင်းဖြစ်ပေါ်နေစဥ် ရှောင်ရန်၊ဆောင်ရန် အချက်များ၊မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည် အချက်များစသည်တို့ကို အသိပညာပေးပြောကြားခဲ့သည်။


  ယင်းနောက် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ဗိုလ်မှူးသူရိန်စိုးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)