တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်




MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီ အချိန် က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီး ဌာန ဝန်ထမ်းများက ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတို့တွင်ဖြစ်ပေါနေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီးပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ၊ (၁၀-၅-၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်းရောက်ရှိနိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး(၁၂-၅-၂၀၂၃)ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ် ပိုင်းသို့ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ရွေ့လျားနိုင်သည့်အတွက် ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း ၊ မိုးကြီးခြင်း ၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်း များဖြစ် ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသတွင်နေထိုင်သူများ ၊ မြစ်၊ချောင်းအနီးတွင် နေထိုင်သူများ ၊ ကမ်းနီး ၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့်သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုရှောင်ရှားကြရန်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)