Pages

Pages

သဘာဝဘေး (မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေး ခရိုင်အဆင့် တာဝန်ရှိသူများ မြန်အောင်၌ ကွင်းဆင်းကြည့်ရှု စစ်ဆေး



MNP ၊ မေ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယမန်နေ့ညနေက မြန်အောင်မြို့ပေါ် ရပ်ကွက်များနှင့် ဧရာဝတီမြစ် ကမ်းဘေးတို့တွင် သဘာဝဘေး(မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


သဘာဝဘေး(မုန်တိုင်းအန္တရာယ်) ကြိုတင်ကာကွယ်ရေးအတွက်၊ မြန်အောင်ခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးအောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြိ့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဧရာဝတီ မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများ အနီးတွင်နေ ထိုင်သူများ အနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ် ကင်းရှင်း စေရန် သတိပြုနေထိုင်ကြရန်၊ အန္တရာယ်ရှိအဆောက်အဦများတွင် နေထိုင်ခြင်း မပြုရန်နှင့် သတ်မှတ် နေရာများတွင် ကြိုတင်ပြောင်းရွှေ့နေထိုင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment