MNP ၊ မေ ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ်းခြေအနီးတွင် နေထိုင်သူများ သိရှိစေရန်အသံချဲ့စက်များဖြင့် လှည့်လှည်အသိပေးနှိုးဆော် ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အများပြည်သူအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင် ကာကွယ် ပြင်ဆင်သတိပြုနိုင်စေရေးအတွက် မိမိတို့၏နေအိမ်များကို ခိုင်ခန့်အောင် ပြုပြင်ထားကြရန်၊ ခိုင်ခန့်သောအဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်ကြရန်၊ ကမ်းခြေအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် ကုန်းတွင်းပိုင်းတွင်ရှိသော လုံခြုံစိတ်ချခိုင်ခန့်သော အဆောက်အဦများသို့ ကြိုတင်ပြောင်းရွေ့နေထိုင်ကြရန်နှင့် မိုးလေဝသ သတင်းများအား စဉ်ဆက်မပြတ် နားထောင်ကြရန် ကြိုတင်သတိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment