သထုံမြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့်အခြေအနေများ ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့်အခြေအနေများ ရှင်းလင်းဆွေးနွေး






MNP ၊ မေ  ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည့် အခြေအနေများကို ကျောင်းသား‌ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူတို့အား ယမန်နေ့ နံနက်က အထက(၁)‌ကျောင်း နဝဒေးခန်းမ၌ သက်ဆိုင်ရာ ဌာနများက ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ရှေးဦးစွာ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဆင့်က ကျောင်းဖွင့်လှစ်‌ပေးရသည့် ရည်ရွယ်ချက်၊ ဖွင့်လှစ်သင်ကြားမည့်အခြေအနေ၊ တက်ရောက်နိုင်သည့်အရည်အချင်း၊ ကျောင်းတက်ရောက်ကြမည့် ကျောင်းသားကျောင်းသူတို့အတွက် ထောက်ပံ့ပေးမှုများတို့ကို ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းနိုင်က မွေးမြူရေးဘာသာရပ် သင်ကြားပေးမည့်အခြေအနေ၊ တက်ရောက်သူတို့အတွက် ရရှိနိုင်သည့်အခွင့်အလမ်းများနှင့် မွေးမြူရေးနှင့်သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ အဆင့်ဆင့် သင်ယူလေ့လာနိုင်မှုတို့ကို ရှင်းလင်း ဆွေးနွေးသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်ဆွေးနွေးရာတွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများကို ယခုနှစ်မှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး Grade 9 အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများအနေဖြင့် ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းသစ်တစ်ခု တိုးလာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို အဓိကထားသည့်နိုင်ငံဖြစ်ရာ ယခုဖွင့်လှစ်မည့်ကျောင်းအား တက်ရောက်ခြင်းဖြင့်အကျိုးရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့်အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်အများအပြားရှိကြောင်း၊ ကျောင်းသား‌ကျောင်းသူများအနေဖြင့် သုံးနှစ်တက်ရောက်ပြီး အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် စသည့် တက္ကသိုလ်များ၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ စသည်တို့သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း အထက်တန်းကျောင်းပြီးမြောက်ပြီး အောင်လက်မှတ်ရလျှင်ပင် သက်ဆိုင်ရာလုပ်ငန်းခွင်များသို အလွယ်တကူဝင်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိမည်ဖြစ်ရာ တက်ရောက်သူတို့အတွက် အကျိုးများ‌သောကြောင့် မျှဝေသတင်းစကားပါးစေလိုပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ပညာရေးဌာနမှဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)