ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးနိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးနိုးဆော်




MNP ၊ မေ  ၁၀

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများသို့  မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးနိုးဆော်ခြင်း ကို ယမန်နေ့၊ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား အသိပေးနိုးဆော်ခဲ့ကြသည်။


      ထိုသို့ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား အသိပေးနိုးဆော် ရာတွင် မိဘပြည်သူများအနေဖြင့် မကြာမီရက်ပိုင်းအတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်ခြေရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ရေသန့်ဘူးကြီး(၅ ဂါလံဆံ့/လီတာ ၂၀)ဘူးကြီးများကို ကြိုးဖြင့်ချဉ်နှောင်ကာ သက်ကယ်ဘောအဖြစ်လည်းကောင်း၊ သောက်သုံးရေများ ကြိုတင် ဖြည့်ဆည်းပြီး သောက်ရေအဖြစ် အသုံးပြုနိုင်ရန်အတွက် ကြိုတင်စီမံထားကြပါရန်၊ နှစ်ဖက်ပိတ်ဝါးဆစ်ဝါးများအား ကြိုတင်စုဆောင်းပြီး သက်ကယ်ဘောအဖြစ် အသုံးပြုနိုင်ရေး စီမံ ဆောင်ရွက်ထားကြရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီဖော်ပြထားသော သတင်းများအား မျက်ခြေမပြတ် ကြည့်ရှု နားထောင်ကြပါရန် အသိပေး နိုးဆော်တိုက်တွန်းခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)