မိုးကုတ်မြို့၌ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွပ်မိုး/အကာများလှူဒါန်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့၌ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွပ်မိုး/အကာများလှူဒါန်းပေး



MNP ၊ မေ  ၉

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ မေလ (၈)ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ကြက်ခြေနီအသင်းမှ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်၊ မြို့မရပ်ကွက်ရှိ အဖိုးဦးသံဂဲနေအိမ်သို့ သွပ်မိုး/အကာများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


မိုးကုတ်မြို့ အနောက်ပိုင်း၊ မြို့မရပ်ကွက်၌ တစ်ဦးတည်းနေထိုင်သူ အဖိုးဦးသံဂဲအား  စားဝတ်နေရေးအခက်အခဲများ အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းမှ အလှူငွေများ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များအား ထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး  ယခုအခါ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဖိုးဦးသံဂဲ၏နေအိမ်အား သိပ်မိုး/အကာာများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြာင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။


ကြည်ကြည်နွဲ့ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)