တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများ နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများ နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေး


MNP ၊ မေ ၁၂ 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့သည် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ မေ ၁၀ ရက်နှင့် ၁၁ ရက်များ၌ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ပွင့်လင်း နက်ရှိုင်း ခိုင်မာ၍ အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် တရုတ်-အမေရိကန် ဆက်ဆံရေးရှိ အတားအဆီးများကို ဖယ်ရှားခြင်း၊ တည်ငြိမ်သော  ဆက်ဆံရေးထားရှိ၍ အခြေအနေဆိုးဝါးလာမှုကို ကာကွယ်ရန် ဆွေးနွေးခဲ့ကြသည်။

CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်က ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မပြောင်းလဲသောရပ်တည်ချက်ကို အပြည့်အဝရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် အာရှ-ပစိဖိတ်ဒေသအခြေအနေ၊ ယူကရိန်းနှင့် အခြားနိုင်ငံတကာနှင့် ဒေသတွင်းရေးရာများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသလို မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်အသုံးပြုရန်လည်း ကတိပြုခဲ့ကြကြောင်း သိရသည်။ 


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)