MNP ၊ မေ ၁၄
ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်တွင် မုန်းတိုင်းတိုက်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေသည်ဖြစ်ရာ ဝေဠုကျော်ဖောင်ဒေးရှင်းက ကျောက်တော်မြို့အနီးတဝိုက်တွင် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်တွေသို့ ဦးတည်သွားခဲ့ခြင်းဖြစ်သော်လည်း စစ်တွေမြို့ ကို ဆက်သွားရန် မဖြစ်နိုင်တော့သည့်အတွက် ကျောက်တော်မြို့ အနီးတဝိုက် ကူညီ ကယ်ဆယ်မှု့များစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နေ့လည်ပိုင်းက ရေးသားဖော်ပြခဲ့သည်။
မိုခါမုန်တိုင်းအန္တရာယ်ကျရောက်မည်ဆိုခြင်းကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းသည် ၁၂-၅-၂၀၂၃ ရက်နေ့ကတည်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန် ထွက်ခွါသွားခဲ့ခြင်းဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment