ရသေ့တောင် မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်




MNP ၊ မေ  ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရသေ့တောင်မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်၁၂နာရီအချိန်ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် သောက်သုံးရေပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သောက်သုံးရေဖြန့်ဝေနိုင်ရေး အသင့်ကြိုတင်ပြင်ဆင်ထားရေးများကို ယာယီနေရပ်စွန့်ခွာသူများစခန်းများနှင့်ရပ်ကွက်များ၌ ကွင်းဆင်းပြီး မြို့ပေါ်ရပ်ကွက် များအနေဖြင့် သဘာဝဘေးအန္တရာယ်မကျရောက်မှီကြိုတင်ကာကွယ်ရေးအတွက်စုဆောင်းပြင်ဆင်ထားသင့်သည့်စွန့်ပြစ်ပစ္စည်းများဖြစ်သောရေသန့်ဘူးခွံအလွတ်များကြိုးဖြင့်ချဉ်နှောင်၍သက်ကယ်ဘောအဖြစ်ဖြင့်၎င်း သောက်သုံးရေထည့်ရန်၎င်း၅ဂါလံ(ရေအပါ)ဆန့်ရေသန့်ဘူးများဂါလံဗူးများအားသက်ကယ်ဘောအဖြစ်လည်းကောင်းသောက်သုံးရေထည့်ရန်အဖြစ်လည်းကောင်းအသုံးပြုနိုင်ပါကြောင်းနှစ်ဖက်ပိတ်ဝါးဆစ်ဝါးများအားသက် ကယ်ဘောအဖြစ်အသုံးပြုနိုင်ရေးအ တွက်ကြိုတင်စုဆောင်းထားရှိသွားနိုင်ရေးအသိပညာပေးသရုပ်ပြဟောပြောဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)