MNP ၊ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပကြရာကို ယမန်နေ့နံနက်ပိုင်းက လမ်းမတော်လမ်းမကြီးဘေး လူစည်းကားရာ နေရာတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးတို့က ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ (၃၁) ရက်နေ့ထိ "ကျောင်းနေအရွယ် ကလေး အားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်ဖြစ်ပြီး၊ အဆိုပါဆိုင်း ဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးနှင့် ဆရာ/ဆရာမများတက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment