ဂွမြို့နယ်၊ သိမ်ကုန်းစေတီတော်ရင်ပြင်တွင်အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၊ သိမ်ကုန်းစေတီတော်ရင်ပြင်တွင်အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ် ပူဇော်






MNP ၊ မေ  ၈

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့တွင် သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မြို့နေပြည်သူများ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးစေရေးအတွက်  ယနေ့နံနက်(၈)နာရီတွင် သိမ်ကုန်းစေတီတော် ရင်ပြင်တွင် သံဃာ‌တော် အရှင်သူမြတ်(၁၁) ပါးတို့က အန္တရာယ်ကင်း ပရိတ်တရား‌တော်‌များ ရွတ်ဖတ်ပူဇော်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာများက နာယူခဲ့ကြ​ကြောင်းသိရသည်။


    သိမ်ကုန်းစေတီတော် ရင်ပြင်တွင် သံဃာ‌တော် အရှင်သူမြတ်(၁၁) ပါးတို့က ပြည်သူပြည်သားများ ဘေးရန်ကင်းရှင်း၍ အနာရောဂါကင်းဝေးစေရန်၊ ဘေးဒုက္ခအန္တရာယ်အပေါင်းနှင့် ရောဂါဘယဘေးတို့မှကင်းဝေးစေပြီး ချမ်းသာသုခပြည့်စုံစေပြီး မင်္ဂလာကျက်သရေတိုးပွါးစေရန် ရည်ရွယ်၍ ပရိတ်ကြီး(၁၁)သုတ်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများမှဂွမြို့မင်းတောင်စေတီတွင်လည်းအန္တရယ်ကင်းပဋ္ဌာန်းရွတ်ဖတ်ခြင်းနှင့်ကျိန္တလီမြို့ မြို့ဦးကျောင်းစေတီရင်ပြင်တွင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှလည်း အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)