ရသေ့တောင်မြို့၌ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မြို့နယ်ကြက်ခြေနီအသင်းမှ‌သောက်ရေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မြို့နယ်ကြက်ခြေနီအသင်းမှ‌သောက်ရေလှူဒါန်း





MNP ၊ မေ  ၈

 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌မေလ ၈ ရက်နေ့တွင်ကျရောက်သောကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နွေရာသီပူပြင်းလာသည်နှင့်အမျှ သောက်သုံးရေများလည်း အချို့နေရာဒေသတွေမှာ အခက်အခဲအဖြစ် နေ့စဉ်ကြုံတွေ့လျက်ရှိရာမြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကရပ်ရွာအတွင်းသောက်သုံးရေလိုအပ်သော နေရာများသို့ သောက်ရေလှူဒါန်းခြင်းကိုဆောင်ရွက်လျှက်ရှိရာယနေ့ နံနက် ၈ နာရီအချိန်က ချောင်းဝရပ်ကွက်သို့ သွားရောက်ကာ ၁ လီတာသောက်ရေသန့်ဘူး ၄၀၀ ကိုမိဘပြည်သူများထံလှူဒါန်းခဲ့ကြသည်။


 ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်ရာ၌ နှလုံးသားအရင်းခံ ဖြစ်တည် လာသည့် လူသားချင်းစာနာစိတ်တစ်ခုဖြင့် အကျိုးရလာဒ်တစ်စုံတစ်ရာမမျှော်လင့်ဘဲ အချိန်မရွေး၊ နေရာဒေသ မရွေး အများအကျိုးသယ်ပိုးဆောင်ရွက်လျက်ရှိသည့်မေတ္တာရှင်ဂရုဏာရှင်ဖြစ်သည်နှင့်အညီ ကူညီဆောင်ရွက်မှုများကိုဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)